
သင်တန်းအကြောင်း
ကမ္ဘာအဝန်းတွင်ကျန်းမာရေးစောင့်ရှောက်မှုအခန်းကဏ္ဍကျယ်ပြန့်လာသည်နှင့်အမျှ မြန်မာနိုင်ငံရှိလူငယ်များကျန်းမာရေးအကူအလုပ်အကိုင်အခွင့်အလန်းများရရှိနိုင်စေရန် ၂၀၀၆ ခုနှစ်မှ စတင်ဖွင့်လစ်ခဲ့ပြီး လက်ရှိ စင်္ကာပူနိုင်ငံရှိဆေးရုံကြီးများတွင် လစာ စင်္ကာပူဒေါ်လာ ၁,၁၀၀ အပြင် နေစရိတ် စင်္ကာပူဒေါ်လာ ၅၀၀ (စုစုပေါင်း ၁,၆၀၀ စင်္ကာပူဒေါ်လာ) ဖြင့် တရားဝင်အလုပ်အကိုင်များထောက်ပံ့ပေးနေသော တစ်ခုတည်းသောသုခစုစံသင်တန်းဖြစ်ပါသည်။

ရရှိနိုင်မည့်ဝန်ဆောင်မှုများ
သင်တန်းဆင်းပြီးသူများအား
- ပြည်ပနိုင်ံများရှိ (စင်္ကာပူနိုင်ငံ၊ ဂျပန်နိုင်ငံ ဆေးရုံ-လူအိုရုံများတွင် သွားရောက်လုပ်ကိုင်နိုင်ရန် ဝန်ဆောင်ခသက်သာစွာဖြင့်အလုပ်အကိုင်ရှာဖွေပေးခြင်း)
- ပြည်တွင်းရှိဆေးရုံဆေးခန်းများတွင်တာဝန်ထမ်းဆောင်လိုသူများကိုအခမဲ့ဝန်ဆောင်မှုပေးခြင်း
- မိမိကိုယ်ပိုင်ဆေးဆိုင်၊ဆေးခန်းဖွင့်လိုသူများကို အခမဲ့ဝန်ဆောင်မှုပေးခြင်း
- သင်တန်းကာလအတွင်းနေစရာအဆောင်စီစဉ်ပေးခြင်း
- မနက်/နေ့လည်/ညစာ ချက်ပြုတ်ကျွေးမွေးခြင်း
- သင်ကြားပြီးအပန်းဖြေရန်ကျယ်ဝန်းသောအဆောက်အဦးရှိခြင်း
- အဆောင်လုံခြုံစေရန်အတွက် ၂၄ နာရီလုံခြုံရေးထားရှိပေးခြင်း
- သင်ကြားရေး အထောက်အကူအတွက်လုံလောက်သော Trainer ဆရာများထားရှိခြင်း
- အပျော်ခရီးစဉ်နှင့်ပျော်ပွဲရွှင်ပွဲများစီစဉ်ပေးခြင်း
- ဝတ်စုံပြည့်ယူနီဖောင်း၊ T-shirt (၂) ထည်၊ သင်ထောက်ကူစာရွက်စာတမ်း၊ ဘောပင်၊ အိတ်များလက်ဆောင်ပေးခြင်း
သင်ကြားမှုပုံစံများ
သင်ကြားရေးပိုင်းတွင် ဆရာ၊ဆရာမများမှာလည်းအတွေ့အကြုံရှိ ကျွမ်းကျင်သောဆေးရုံအုပ်ကြီးများ၊ ဆရာဝန်ကြီးများ၊ သူနာပြု ဆရာမကြီးများမှ နေ့စဉ်လူနာ ၃၀၀ ခန့်ကုသလျက်ရှိသောအထူးကုဆေးခန်းကြီးတွင်လက်တွေ့လေ့ကျင့်သင်ကြားပြသပေးနေသည်ဖြစ်ပါသည်။
(ကျောင်းခွဲလုံးဝမရှိပါ)
သင်ကြားရေးကာလ
သင်ကြားချိန် စုစုပေါင်း (၃) လ (စာတွေ့ ၁ လ + လက်တွေ့ နှင့်အင်္ဂလိပ်စကားပြော ၂ လ) ရှိပါသည်။ ပထမလ သင်တန်းကျောင်းတွင် အဆောင်နေရပြီး ကျန်ရှိ ၂ လ သည်မိမိအဆင်ပြေရာမှ ကျောင်းသို့လာရောက်တက်ရောက်နေသည်။ (သွားရေးလာရေးခက်ခဲရှိသူများအတွက် သင်တန်းကျောင်းနားတွင် နေစရာအဆောင်ရှိပါသည်)
စာတွေ့သင်ကြားရေးဘာသာရပ်များ
- 1. အခြေခံသူနာပြုဘာသာရပ်
- 2. သက်ကြီးရွယ်အိုကျန်းမာရေးစောင့်ရှောက်မှု
- 3. ဆေးဝါးဗေဒဘာသာရပ်
- 4. ခန္ဓာဗေဒဘာသာရပ်
ဖြည့်စွက်ဘာသာရပ်များ
- လူနာစောင့်ရှောင့်ခြင်း
- လူမှုဆက်ဆံရေးပညာ
- အိမ်မှုထိန်းသိမ်းရေး
- ဧည့်ဝန်ဆောင်မှု
- သက်မွေး အင်္ဂလိပ်စာဘာသာရပ်
လက်တွေ့သင်ကြားရေး
သုခစုစံအထူးကုဆေးခန်း၊ ဓါတ်ခွဲခန်း၊ ဆေးခန်း၊ ဆေးဆိုင်တွင်လက်တွေ့သင်ကြားချိန် ၂ လ အတွင်း လက်တွေ့သင်ကြားလေ့ကျင့်ရာတွင် အနာဆေးထည့်ခြင်း၊ အောက်စီဂျင်ပိုက်တပ်ခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း၊ ဆီးချိုသွေးချိုစစ်ဆေးခြင်း၊ ဆီးပိုက်သွင်းခြင်း၊ လက်ဆေးပုံနည်းစနစ်၊ အိပ်ယာပြင်ဆင်ပုံ၊ ECG ဆွဲခြင်း၊ လူကြီးပြုစုနည်းများ၊ ကလေးကိုင်တွယ်နည်း၊ အရေးပေါ်ကုသနည်းများ၊ ရှေးဦးသူနာပြုနည်းများ စသည့်နည်းစနစ်များစွာလက်တွေ့လေ့ကျင့်သင်ကြားပေးပါသည်။
အသေးစိတ်ဖတ်ရှုရန်လက်ကမ်းစာဆောင်အားရယူပါ။
သင်တန်းကြေးနှင့်အချက်အလက်များပိုမိုသိရှိလိုပါကဆက်သွယ်ပေးပါရန်။
☎️ 09 771 732418, 09 778 056667, 09 778 056669, 09761286561, 09268000844
သင်တန်းကျောင်းပုံရိပ်နှင့်အမှတ်တရများ

















